Tuesday, January 01, 2008

မမျှော်လင့်ခြင်း နှင်း

Share it Please

သူက ကိုယ့်ကို
သတိရနေတယ်လို့များ ပြောလိုက်သလား
သူ့ကို သိမ်းထုပ်ထားတဲ့ အိပ်မက်ဆိုးက ပဲ
လှမ်းပြောလိုက်တာလား . . . .။

သောင်အတိုင်းမြောခဲ့တာမို့
ကမ်းကို မျှော်စရာမလိုခဲ့။
ဘ၀ ဆိုတာ နဲ့ စဖွင့်လိုက်တာနဲ့
စကားတွေလေးလံလာ လိမ့်မယ်
သိခဲ့။
ခြေလှမ်းတိုင်း မြူထဲမြုပ်ဝင်သွားတာမို့
အေးစက်နေတဲ့ဆူးချက်တွေကို
မြင်ရတယ် . . .။

ညဆိုတာ အတိုင်းအတာ ရှိပေမယ့်
အလင်းကို မြင်ခွင့်မရခဲ့ဘူး။
သည်မှာ အဓိပ္ပါယ်တစ်ခုခုများ ရှာကြည့်နေမိသလားပဲ
ဘာကိုမှ မဆိုလိုခဲ့တာမို့
အဖြေမရှိနိုင်တာ သေချာတယ်။

No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *