Wednesday, September 05, 2007

ဆွေးမြေ့ဖွယ် ညနေ

Share it Please

ရွိင်လိုပက်(ဇ်) နဲ့စဖွင့်မယ် . . . 
မင်းသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ . . 
တရေးနိုးတိုင်း ခေါင်းအုံးလေးထစမ်းမိတာမျိုးဆို 
နည်းနည်းတော့ရင့်သီးတဲ့ အလွမ်းမျိုးဖြစ်နေမလား 
ကိုယ်က မင်းနဲ့ အိပ်မက်မက်တိုင်းဆုံဖြစ်နေတာမို့ပါ။ 

အစကပိုင်းမှာ ထောင်ချောက်တွေသိပ်များလွန်းတယ်လို့များ 
မင်းညူစူနေဦးမှာလား . . 
ချစ်ရတာ စစ်တုရင်ကစားပွဲမဟုတ်လည်း 
ကိုယ့်ရဲ့တန်ဖိုးနည်းတဲ့ အရုပ်ကလေးကို ဘုရင်မနဲ့မလဲချင်တာအမှန်၊ 

ဘ၀က ဖြည်းဖြည်းချင်းစီးဆင်းနေခဲ့တာ 
အဖြူအနက်အပြင် တခြားဘာအရောင် ပဲဖြစ်ဖြစ် ... 
မင်း စစ်တုရင်ခုံပေါ်က အလွယ်တကူ မဖယ်ချင်တဲ့ အဖြစ်လေ . . 
နယ်ရုပ်ကလေးလို နောက်ပြန်ဆုတ်မရတဲ့ အချစ်လို့ပြောရင်လည်း 
မင်းရယ်မောနေဦးမှာပါပဲ။ 

အထီးကျန်နေတဲ့ စစ်သူရဲတစ်ယောက်ပဲဖြစ်ဖြစ် 
ကျိုးပဲ့သွားရတဲ့ ရထားတစ်စင်းပဲဖြစ်ဖြစ်ပေါ့ . . 
နှစ်များစွာစဉ်းစားရင်း ဖြည်းဖြည်းချင်း ညှဉ်းသတ်လှည့်ပါ အချစ်ရယ် 
အနိုင်အရှုံးအတွက် အကြိမ်ကြိမ်ပြန်ကစားနေရတာထက်စာရင် 
သည်တစ်ပွဲကို တစ်သက်စာ ဆွဲဆန့်ထားချင်တယ်။

No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *