Tuesday, May 15, 2012

ပန်းနုရောင်အနမ်း



လွင့်တက်သွားတဲ့ မီးခိုးငွေ့တွေက
ကြေကွဲမှုကို ဆတိုးစေပြန်တယ်..
ဒါအဆိပ်အတောက်ဆိုလည်း
ရင်ထဲပဲနေပါတော့လားကွယ်...။

ခံစားမှုတွေ စစ်ထုတ်နေရတာကိုက
ဝေဒနာတစ်ခုလို
သည်အချိန်ဆို . . .
စိုးရွံ့မှုတွေကို ငါမေ့ထားချင်ရဲ့။

အထိအတွေ့စစ်စစ်မျှော်လင့်မိတယ်...
ဒါလည်းမဖြစ်နိုင်ခဲ့ဘူး
တစ်ဆင့်ခံတွေကြားမှာ
စွဲမက်လွန်းရတဲ့ရနံ့တွေများ လေလွင့်နေခဲ့ပြီလား
ခါးသက်နေတဲ့ နှုတ်ခမ်းတွေက
ပင်လယ်ကိုမက်မောမဆုံး။

ရေပြင်ပေါ်မှာ တိမ်တွေ ညို့လာတော့မယ်
နတ်ဆိုးရဲ့ ရယ်မောသံတွေက အခန်းအပြည့်ပဲ
မီးတောက်ကလေးကို မြင်မိရုံနဲ့
ရင်တလှပ်လှပ်ခုန်မိတဲ့နေ့။

-နှင်းမြို့ရိုး
Continue Reading...

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *